Virgo(August 23-September 22)
အလွန်ဇီဇာကြောင့်တဲ့ ရာသီခွင်ပြပါဆိုရင် Virgo ကိုပဲလက်ညိုးထိုးပြရမှာပါ ။ အသေးအမွှားလေးက အစ ခရေစေ့တွင်းကျကြည့်တတ်တာလဲ virgo တွေပါပဲ ။
မိသားစု အပေါ် အလွန်အနစ်နာခံတတ်သူများလဲဖြစ်ကြသော်လည်း ပတ်ဝန်းကျင်တွင်တော့ တစ်ကိုယ်ကောင်းဆန်သည်ဟုသာထင်မြင်ကြမှာပါ ။
ပြီးပြည့်စုံမှုကိုသာလိုလားတဲ့ သူတွေလဲဖြစ်ပါတယ်။ မိမိ အနာဂတ်နဲ့ပတ်သက် overthinking အမြဲဖြစ်ပြီး ex တွေနဲ့ပတ်သတ်တဲ့ အတိတ်ဟောင်းများကို move on
လုပ်နိုင်ပြီဟု ကြွေးကြော်သော်ငြား စိတ်ထဲမှာတော့ အမြဲဟန်ဆောင်နေရသူများပဲဖြစ်ကြပါတယ် ။သူတို့ဟာ တာဝန်ယူစိတ်အပြည့်ရှိပြီး သူတစ်ပါးအပေါ်
စိတ်ရှည်တဲ့သူတွေ ဖြစ်ကြပါတယ်။ ပြဿနာကြုံရင် ရှောင်ပြေးတာမျိုးကို လက်မခံဘဲ ရင်ဆိုင်ဖြေရှင်းတတ်ပြီး တစ်ဖက်သားအပေါ် ရိုင်းစိုင်းစွာပြောဆိုခြင်းမျိုးကိုလည်း
မနှစ်သက်သူတွေ ဖြစ်ကြပါတယ်။ ထို့အပြင် စကားပြောကောင်းပြီးအတွေးအခေါ်မြင့်မားတာကြောင့်လည်း IT နှင့် education နယ်ပယ်တွေမှာ
အောင်မြင်ကျော်ကြားသူတွေ ဖြစ်တတ်ကြပါတယ်။အကျိုးပေးတဲ့ ရာသီခွင်တွေကတော့ မိန်ရာသီဖွားနဲ့ ကရကဋ်ရာသီဖွားတွေ ဖြစ်ကြပါတယ်။
ရွှေအိုရောင်၊ သနပ်ခါးရောင်နဲ့ မီးခိုးရောင်တွေက ကန်ရာသီဖွားတွေအတွက် အထူးအကျိုးပေးတဲ့ အရောင်တွေဖြစ်ပါတယ်။
အကျိုးပေးဂဏန်းတွေကတော့ ၅၊ ၁၄၊ ၁၅၊ ၂၃၊ ၃၂ တို့ဖြစ်ပါတယ်။ တစ်သက်အတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ နီလာ (Blue Sapphire) ကျောက်လေးပဲ ဖြစ်ပါတယ်။