ကြွေဗေဒင် ဝန်ဆောင်မှု အကြောင်း
ကြွေဗေဒင် ဝန်ဆောင်မှုသည် Orbitnetics ကုမ္ပဏီမှ မြန်မာ့ရိုးရာ ဗေဒင်ပညာများ ကို ခေတ်သစ် နည်းပညာဖြင့် ဖန်တီးထားသော အွန်လိုင်း ဗေဒင် လမ်းညွှန်ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်
ကျွန်ုပ်တို့၏ အဓိက ရည်မှန်းချက်မှာ မြန်မာ့ရိုးရာ ဗေဒင်ပညာ၏ အမွေအနှစ်များကို ထိန်းသိမ်းကာ ခေတ်အဆက်ဆက် ပြန်လည်မျှဝေ အသုံးပြုနိုင်ရန်အတွက် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ရိုးရာဗေဒင် ကျမ်းဂန်များကို အခြေခံပြီး ယနေ့ခေတ်နှင့် ကိုက်ညီစေရန် ဖန်တီးကာ လွယ်ကူစွာ လေ့လာနိုင်အောင် ဆောင်ရွက်ထားပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
ကြွေ ဗေဒင်သည် အောက်ပါဝန်ဆောင်မှုများကို တွက်ချက် ဟောကြားပေးလျက်ရှိပါသည် -
- ကြွေဗေဒင်ဟောကိန်းများ - ခုနစ်ရက်သားသမီးအလိုက် လမ်းညွှန်ချက်များ။
- အနာဂတ်ဟောကိန်းများ (တစ်နှစ်စာဟောစာတမ်း) - ကာလအလိုက် ကြိုတင်သိရှိနိုင်သော အခွင့်အလမ်းနှင့် သတိထားရမည့် အချက်များ။
- ကလေးအမည်ပေးခြင်း - မွေးသက္ကရာဇ်၊ နက္ခတ်တို့နှင့် ညီညွတ်မှုရှိသော အမည်များ ရွေးချယ်ပေးခြင်း။
- အခြားပညာရပ်များ - ရိုးရာဗေဒင်ပညာနယ်ပယ်အသီးသီးမှ လိုအပ်သော တွက်ချက်မှုများ(အိမ်၊ခြံ၊မြေ အရောင်ဝယ် နှင့် လူမှုရေး ၊ စီးပွားရေး ၊ငွေကြေး)။
မူပိုင်ခွင့်နှင့် တရားဝင်မှု
ကြွေ ဗေဒင်၏ ဟောကြားချက်များ၊ အကြောင်းအရာများနှင့် မူပိုင်ခွင့်များကို သက်ဆိုင်ရာမှ ခွင့်ပြုချက်မရှိဘဲ တရားမဝင် အသုံးပြုခြင်း၊ ဖြန့်ဖြူးခြင်းများကို ပြုလုပ်ခွင့် မပြုပါ။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် ဗေဒင်ပညာကို မှန်ကန်စွာ ဖြန့်ဝေရန်ဖြစ်သဖြင့်၊ မှားယွင်းသော အချက်အလက်များဖြင့် ဖြန့်ဖြူးခြင်းများ ရှိပါက ၎င်းတို့သည် ကြွေ ဗေဒင် ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း အသိပေးပြောကြားလိုပါသည်။