Leo (သိဟ်ရာသီဖွား)

A

Kway Bay Din

11-Sep-2025


 ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူများကတော့ Leo တွေပဲ ဖြစ်ပါတယ် ။
Leo တွေက အများအားဖြင့် ထက်မြက်ကြပြီး ဂရုဏာကြီးသူတွေဖြစ်တယ်။အခြားသူတွေအပေါ်မှာလည်း လေးစားမှုရှိကြတယ်။
 ကိုယ့်ရဲ့အတွေးနဲ့ လုပ်ရပ်တွေအပေါ်မှာလည်း ယုံကြည်မှုပြင်းထန်သူတွေဖြစ်တယ်။ သြဇာရှိတဲ့ အပြောအဆိုအပြု့အမူကြောင့် 
အားလုံးက လေးစားကြသူတွေလည်း ဖြစ်ပါတယ်။
ဘဝမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို နှစ်သက်ကြပြီး တစ်ခုခုအပေါ်မှာ မျက်စိကျပြီဆိုရင်လည်း  ရရှိနိုင်ဖို့ ကြိုးပမ်းကြလေ့ရှိပါတယ်။
အချစ်ရေးပိုင်းကတော့ တည်ငြိမ်တယ်ဆိုပေမယ့် အိမ်ထောင်ရှင်တွေကတော့ သူတို့ရဲ့ အိမ်ထောင်ရေးက ရေခဲရေသောက်ပြီးနေရသလို 
 အေးခဲနေတတ်ပြီ' Romance တွေလည်း ပျောက်ဆုံးနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ သင့်လက်တွဲဖော်နဲ့ နံရံခြားနေသလို
 ခံစားရတတ်တယ်။ အမြင်မတူတာတွေလည်း ရှိမယ်။ ကိုယ်ရဲ့အိမ်ထောင်ရေးအပေါ် နားလည်ရခက်ခဲမယ်။ အရမ်းကြီး
ပွင့်ပွင့်လင်းလင်းဆက်ဆံမနေဘဲ အကောင်းမြင်စိတ်နဲ့ ပြောဆိုနေထိုင်နိုင်ဖို့ ကြီုးစားပါ။