Aries တွေက သွေးဆူလွယ်တယ်နော်။ စကားပြောရင် တိုတိုနဲ့ ပြတ်ပြတ်သားသားပြောတတ်တယ်။ သွက်သွက်လက်လက်နဲ့ ပျော်ပျော်လည်းနေတတ်တဲ့သူလေးတွေလည်းဖြစ်ကြတယ်။ တမူထူးခြားနေတာက ကိစ္စတစ်ခုပြုလုပ်ရင် မိရိုးဖလာ ရှေးရိုး (လမ်းဟောင်း)အတိုင်း လုပ်ဆောင်ရတာကိုမကြိုက်ဘူး ။ ဘယ်နည်းလမ်းက ပိုပြီးထိရောက်မလဲ အမြဲတွေးနေတတ်တယ် ။ အချိန်မယူဘဲ မြန်မြန်လုပ်ရမှကျေနပ်နိုင်တဲ့သူတွေပါ ။ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်လေး နည်းနည်းရှိတဲ့ အတွက် အဲဒီ အကျင့်ကိုအနည်းငယ် ပြုပြင်နိုင်ရင် Aries တွေက ထက်ထက် မြတ်မြတ် နဲ့ အရာရာကို ဦးဆောင်နိုင်တဲ့ သူလေးတွေပါပဲ ။ အဆောင်ကျောက် ကတော့ Diamond ပဲဖြစ်ပါတယ် ။