Taurus ရာသီဖွားတွေကတော့ သူတို့က အငြိမ်သမားတွေ(တည်ငြိမ်သူတွေ) ဖြစ်ကြပါတယ်။ တစ်ခုခု ဖြစ်ပြီဆိုရင် ကြိတ်ခံစားတတ်ပြီး ဖြစ်သင့်တာကိုသာ ဦးစားပေးတတ်တဲ့ ဂရုဏာရှင်ကြီးတွေပါ ။ အလုပ်တစ်ခု လုပ်ရင် ဇွဲရှိရှိနဲ့လုပ်တတ်ပြီး အလုပ်လောဘကြီးတတ်သူတွေပါ ။ Taurus ရာသီဖွားတွေနဲ့ အလုပ်တွဲလုပ်ရင် စိတ်ချရပြီလို့ မှတ်ယူလို့တောင်ရလောက်ပါတယ် ။ တစ်နည်းအားဖြင့်အလုပ်နဲ့ ပတ်သတ်ရင် ခေါင်းမာတယ်လို့ပြောလို့ရတဲ့ ရာသီခွင်ပါ ။ ထူးခြားချက်အနေဖြင့် Taurus ရာသီခွင်သမားတွေက သူတို့စိတ်ကြိုက်ဖြစ်တဲ့ အရာတွေသည် စျေးကြီးနေပါစေ၊ မနှမြောပဲ ဝယ်ယူလေ့ရှိကြတဲ့ သူမျိူးတွေပဲဖြစ်ပါတယ် ။ အဆောင်ရတနာမှာ - Amber (ပယင်ကျောက်) ပဲဖြစ်ပါတယ် ။